ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် စလော့ဂိမ်း (Slot Game) ကစားခြင်းနှင့် ဆက်စပ်သည်ဟု ယူဆရသည့် အသက် ၂၁ နှစ်အရွယ် ၁၂ ဘီးယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးမှု ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီးနောက် စလော့ဂိမ်းအပါအဝင် အွန်လိုင်းလောင်းကစားမှုများကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်ပေးရန် တောင်ကြီးနှင့် ပအိုဝ်းဒေသခံများက တောင်းဆိုနေကြကြောင်း သိရသည်။ဒေသခံများ၏ ပြောကြားချက်အရ စလော့ဂိမ်းကစားမှုများကြောင့် လူငယ်များ အချိန်ကုန် ငွေကုန်ဖြစ်ခြင်း၊ မိသားစုအတွင်း ပဋိပက္ခများဖြစ်ပွားခြင်းနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးထိခိုက်ခြင်းစသည့် လူမှုရေးပြဿနာများ ပိုမိုများပြားလာကြောင်း သိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အရေးယူမှုအချို့ ရှိနေသော်လည်း လက်တွေ့တွင် ပိုမိုထိရောက်သည့် ထိန်းချုပ်မှုများ လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။ထို့ပြင် အွန်လိုင်းလောင်းကစားမှုများ လျော့နည်းသွားစေရန် မိဘများအနေဖြင့် သားသမီးများကို သတိပေးဆုံးမရန် လိုအပ်သလို၊ KPay နှင့် Wave Pay ကဲ့သို့သော မိုဘိုင်းငွေလွှဲဝန်ဆောင်မှုဆိုင်အချို့တွင် စလော့ဂိမ်းနှင့် ဆက်စပ်၍ ငွေသွင်းငွေထုတ် ပြုလုပ်ပေးနေမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထိရောက်စွာ စစ်ဆေးအရေးယူပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် စလော့ဂိမ်းနှင့် ဆက်စပ်သည့် သေဆုံးမှုဖြစ်ပွားပြီးနောက် အွန်လိုင်းလောင်းကစားမှုများကို ထိရောက်စွာ ထိန်းချုပ်ပေးရန် ဒေသခံများ တောင်းဆို
Jul 05 • 3:53 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


