back

ပြည်တွင်း၌ ဘုရားပွဲတော်များ ခြိမ့်ခြိမ့်သဲသဲ ပြန်လည်ကျင်းပလာနိုင်၍ ဇာတ်နှင့် အငြိမ့်သဘင်လောကသားများ ငွေကြေးပြန်လည်ရွှင်လန်းလာ

Jul 05 • 3:20 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ဘုရားပွဲတော်များ ခြိမ့်ခြိမ့်သဲသဲ ပြန်လည်ကျင်းပလာနိုင်၍ ဇာတ်နှင့် အငြိမ့်သဘင်လောကသားများ ငွေကြေးပြန်လည်ရွှင်လန်းလာ

မန္တလေးမြို့အပါအဝင် ဒေသအလိုက် ဘုရားပွဲတော်များကို ညလုံးပေါက် ခြိမ့်ခြိမ့်သဲသဲ ပြန်လည်ကျင်းပပြုလုပ်လာနိုင်ပြီးနောက်ပိုင်းတွင် ဇာတ်နှင့် အငြိမ့်သဘင်လောကသားများ အလ...

မန္တလေးမြို့အပါအဝင် ဒေသအလိုက် ဘုရားပွဲတော်များကို ညလုံးပေါက် ခြိမ့်ခြိမ့်သဲသဲ ပြန်လည်ကျင်းပပြုလုပ်လာနိုင်ပြီးနောက်ပိုင်းတွင် ဇာတ်နှင့် အငြိမ့်သဘင်လောကသားများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာကြောင်း ဇူလိုင်လ ၃ ရက်နေ့တွင် မန္တလေးသဘင်အသိုင်းအဝိုင်းထံမှ သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့ရသည့် မြန်မာ့ဇာတ်သဘင်၊ အငြိမ့်နှင့် ရုပ်သေးပွဲများသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သဘင်ရာသီမှစတင်ကာ ပြန်လည်ဦးမော့လာခဲ့ခြင်းဖြစ်ပြီး တိမ်မြုပ်လုနီးပါးဖြစ်ခဲ့သော ဗလာဇာတ်ပွဲများပါ ပြန်လည်ကပြခွင့်ရရှိလာခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ ဇာတ်ကြီးအဖွဲ့ အနည်းငယ်သာရှိသော်လည်း ဇာတ်လတ်နှင့် ဗလာဇာတ်အဖွဲ့ပေါင်း ၅၀ ကျော်ရှိပြီး ဘုရားပွဲတော်များသာမက ရှင်ပြုနားသ အလှူမင်္ဂလာပွဲများတွင်ပါ အငြိမ့်သဘင်နှင့် ဆိုင်းဝိုင်းများကို အပြိုင်အဆိုင် ထည့်သွင်းငှားရမ်းလာကြသဖြင့် သဘင်လောကသားများ ဝင်ငွေပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။

news-view-count-icon

20