ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ (မြောက်လတ္တီတွဒ် ၁၆.၃၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၅၀ ဒီဂရီ)၊ အနက် ၂၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ပြည်တွင်းမြေငလျင်တစ်ခု ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်ခန့်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါ ငလျင်သည် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၈ မိုင်ခန့် ကွာဝေးသော နေရာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အလားတူ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၆ နာရီ ၅၁ မိနစ်အချိန်ကလည်း ထန်းတပင်မြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်
Jul 05 • 1:51 AM
Myanmar
Ayeyarwady
Share
| 18 | 0 | 0 | 0 |


