မန္တလေးတိုင်းဒေသကြီးတွင် ကျောင်းပေါင်းစည်းရေးစီမံချက်အရ အစိုးရကျောင်း ၁၂ ခုအား အဆင့်လျှော့ချခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၏ ပြောကြားချက်အရ ကျောင်းသားဦးရေ လျော့နည်းသွားခြင်းကြောင့် ကျောင်းများအဆင့်လျှော့ချရခြင်းဖြစ်ပြီး ပိုလျှံလာသည့် ဆရာ၊ ဆရာမများကို လိုအပ်သည့်ကျောင်းများသို့ ရွှေ့ပြောင်းတာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆင့်လျှော့ချခံရသည့် ကျောင်းများတွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အထက (၁၅) အား မူလတန်းအဆင့်၊ အထက (၆) နှင့် အထက (၂၃) တို့အား အလယ်တန်းအဆင့်သို့ လျှော့ချခဲ့ခြင်း အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ကျောင်းများ ပါဝင်ကြောင်း သိရသည်။



