back

ရန်ကုန်၌ ပထမဆုံးအကြိမ် ‘YRYEA NextGen Career Fair 2026’ အသက်မွေးဝမ်းကျောင်းဆိုင်ရာပြပွဲ ကျင်းပ

Jul 04 • 12:19 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၌ ပထမဆုံးအကြိမ် ‘YRYEA NextGen Career Fair 2026’ အသက်မွေးဝမ်းကျောင်းဆိုင်ရာပြပွဲ ကျင်းပ

ရန်ကုန်မြို့ရှိ အလုပ်အကိုင်ရှာဖွေသူ လူငယ်များအတွက် ပထမဆုံးအကြိမ် အသက်မွေးဝမ်းကျောင်းဆိုင်ရာပြပွဲ (YRYEA NextGen Career Fair 2026) ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတ...

ရန်ကုန်မြို့ရှိ အလုပ်အကိုင်ရှာဖွေသူ လူငယ်များအတွက် ပထမဆုံးအကြိမ် အသက်မွေးဝမ်းကျောင်းဆိုင်ရာပြပွဲ (YRYEA NextGen Career Fair 2026) ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဇူလိုင်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် စတင်ကျင်းပလျက်ရှိသည်။ အဆိုပါပြပွဲကို ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၇၀ ကျော်က နယ်ပယ်စုံမှ အလုပ်အကိုင် အခွင့်အလမ်းများကို ပါဝင်ပြသထားကြသည်။ ပြပွဲသို့ လာရောက်သူများအနေဖြင့် ကုမ္ပဏီများထံ CV ဖောင်များ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ခြင်း၊ ကျွမ်းကျင်သူများ၏ CV Review ဝန်ဆောင်မှု ရယူနိုင်ခြင်း၊ အလုပ်အင်တာဗျူး တိုက်ရိုက်ဖြေဆိုနိုင်ခြင်းတို့အပြင် အလုပ်သမားမှတ်ပုံတင်ခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲများတွင်လည်း တစ်နေရာတည်း၌ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။

news-view-count-icon

13