၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ပြင်းထန်သည့် ဖိအားများနှင့် ခြိမ်းခြောက်မှုများကြောင့် တောင်ကိုရီးယားအသင်း နည်းပြဟောင်း ဟောင်မြန်ဘို (Hong Myung-bo) သည် တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာခဲ့ပြီး အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ခိုလှုံခွင့်ရရှိရန် စီစဉ်နေကြောင်း သိရသည်။ ၎င်းကိုင်တွယ်ခဲ့သည့် တောင်ကိုရီးယားအသင်းမှာ မက္ကဆီကိုနှင့် တောင်အာဖရိကတို့နောက်တွင် ရပ်တည်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသဖြင့် ဟောင်မြန်ဘိုသည် ရာထူးမှ ချက်ချင်းနုတ်ထွက်ခဲ့သော်လည်း ဝေဖန်မှုများနှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ဂျာမန်ဂန္ထဝင် ကလင်းစမန်း၏ နေရာတွင် ၎င်းအား အစားထိုးခန့်အပ်မှု၌ မသမာမှုနှင့် အကျင့်ပျက်ခြစားမှုများရှိခဲ့ကြောင်း တောင်ကိုရီးယားသမ္မတက ကြေညာကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ၂၀၀၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တက်ခဲ့သည့် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ နည်းပြဟောင်မြန်ဘိုက နိုင်ငံမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
Jul 04 • 12:17 PM
South Korea
Local News
Share
| 13 | 0 | 0 | 0 |


