ယူကရိန်းနိုင်ငံကို စစ်ရေးအရ ဆက်လက်ဖိအားပေးမည်ဖြစ်ကြောင်းရုရှားအစိုးရက ဇူလိုင် ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ဇူလိုင် ၁ ရက် ညလုံးပေါက်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းကို စစ်ရေးအရဆက်လက်ဖိအားပေးမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားခြင်းဖြစ်သည်။ရုရှားနိုင်ငံသည် ဇူလိုင် ၁ ရက် ညပိုင်းတွင် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကိုဒုံးကျည် ၇၄ စင်း၊ မောင်းသူမဲ့လေယာဉ် ၄၉၆ စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်းယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။ရုရှားတပ်များ၏ အထက်ပါ တိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့တော်၌အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ရပြီး လူနေအဆောက်အအုံအများအပြားပျက်စီးခဲ့ရကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားထားသည်။ရုရှားတပ်များအနေဖြင့် စစ်ရေးပစ်မှတ် သို့မဟုတ် စစ်ရေးနှင့်သက်ဆိုင်နေသည့် ပစ်မှတ်များကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ယူကရိန်း၏ တာဝေးပျံ မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့်ရုရှားနိုင်ငံ၌ လောင်စာဆီ အကျပ်အတည်း ပေါ်ထွက်နေချိန်တွင် ရုရှားစစ်ဘက်က ကိယက်ဗ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြင်းထန်စွာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။



