back

မန္တလေးတွင်ရှေးဟောင်းဝတ္ထုပစ္စည်း ၅၇၂ ခု အပ်နှံသူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

Jul 04 • 5:34 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးတွင်ရှေးဟောင်းဝတ္ထုပစ္စည်း ၅၇၂ ခု အပ်နှံသူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာ...

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ ပုဂံခေတ်နှင့် ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းဝတ္ထုပစ္စည်း ၃၁၃ ခု အပ်နှံခဲ့ခြင်းအတွက် စုစုပေါင်း ကျပ် ၂၀,၅၅၀,၆၁၇ ကို ဆုကြေးငွေအဖြစ် ပေးအပ်ခဲ့သည်။



news-view-count-icon

16