တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဇူလိုင် ၃ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိသည့် အချက်အလက်များကို ထိရောက်စွာ စီမံခန့်ခွဲအသုံးချနိုင်ရေးအတွက် အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် ဖွဲ့စည်းရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ကျောင်းကုန်းမဲဆန္ဒနယ်မှ သန်းခေါင်စာရင်းမှ ရရှိသည့် ကိန်းဂဏန်းအချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲ၍ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကာ ပြည်ထောင်စုအစိုးရအနေဖြင့် အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။



