Bundibugyo အီဘိုလာ ဗိုင်းရပ်စ်ရောဂါအတွက် စမ်းသပ် ကုထုံးတစ်ရပ်ကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။Bundibugyo အီဘိုလာ ဗိုင်းရပ်စ်ရောဂါသည် လက်ရှိအချိန်တွင် ကာကွယ်ဆေးနှင့်ကုထုံးမရှိသေးသော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ လက်ရှိအချိန်၌ အထက်ပါအီဘိုလာဗိုင်းရပ်စ်ရောဂါ အတွက် စမ်းသပ်ကုထုံးတစ်ရပ်ကို ကွန်ဂိုနိုင်ငံ၌ စတင်အသုံးပြုနေပြီဖြစ်ကြောင်း WHO အကြီးအကဲ တီဒရော့ဂျီဘရီယေးဆပ်ခ်က အတည်ပြု ပြောကြားထားသည်။Bundibugyo အီဘိုလာ ဗိုင်းရပ်စ် ကုထုံးစမ်းသပ်မှုတွင် လူနာ ၁,၀၀၀ ကျော် ပါဝင်မည်ဖြစ်ပြီး စမ်းသပ်မှုကာလမှာ လအတန်ငယ်ကြာမြင့်နိုင်ကြောင်း သိရသည်။လက်ရှိအချိန်တွင် ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် ၁,၄၀၀ ကျော်နှင့်သေဆုံးသူ ၄၃၈ ဦးအထိ ရှိလာပြီဖြစ်သည်။ကွန်ဂို၌ စစ်ဆေးနေသော Bundibugyo စမ်းသပ်ကုထုံးသည် MBP 134 အမည်ရှိ ပဋိ
ပစ္စည်းနှင့် Redes Vir ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးတို့ကို ပေါင်းစပ်ထားသည့် ကုထုံးဖြစ်သည်။



