back

နယူးယောက်ကုလရုံးချုပ်အပြင်ဘက်မှာ တိဗက်အရေးလှုပ်ရှားသူတစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေပြီး တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြ

Jul 04 • 2:19 AM

breaking-news

Myanmar

International

cover

နယူးယောက်ကုလရုံးချုပ်အပြင်ဘက်မှာ တိဗက်အရေးလှုပ်ရှားသူတစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေပြီး တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြ

နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်အပြင်ဘက်မှညတိဗက်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးဟာ ဇူလိုင် ၂ ရက်နေ့က မိမိကိုယ်ကိုယ်မီးရှို့ ပြီး တရုတ်အုပ်ချုပ်မှုကို ကန့်ကွက်ဆန...

နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်အပြင်ဘက်မှညတိဗက်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးဟာ ဇူလိုင် ၂ ရက်နေ့က မိမိကိုယ်ကိုယ်မီးရှို့ ပြီး တရုတ်အုပ်ချုပ်မှုကို ကန့်ကွက်ဆန့်ကျင်ဆန္ဒပြရာမှ သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဆန္ဒပြသူမှာ တရုတ်နိုင်ငံရဲ့ တိုင်းရင်းသားမူဝါဒတွေကို ကန့်ကွက်နေသူဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ သေဆုံးသူအမျိုးသားရဲ့ အမည်မှာ လော့ဂါ ရန်းဇင် (Lobga Rangzen) ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ တိဗက်အရေးလှုပ်ရှားမှုအဖွဲ့ (ICT) ရဲ့ ဥက္ကဋ္ဌ တန်ချို ရာတ်ဆို (Tencho Gyatso) က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။ လော့ဂါဟာ တိဗက်နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ အသိပညာပေးနိုင်ဖို့အတွက် မမောမပန်း ကြိုးစားအားထုတ်ခဲ့တဲ့ တိဗက်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်" လို့ ဆိုပါတယ်.။

မီးရှို့ ဆန္ဒပြပြီး သေဆုံးသွားခဲ့သူဟာ “ တရုတ်အစိုးရက တိုင်းရင်းသားလူမျိုးစုများအကြား "ဘုံ" အမျိုးသား လက္ခဏာတစ်ခု ဖော်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ "တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ တိုးတက်မှုကို မြှင့်တင်တဲ့ ဥပဒေ" အသစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ (ICT)ရဲ့ ဥက္ကဋ္ဌ တန်ချို ရာတ်ဆိုက ပြောဆိုပါတယ်။ သူဟာ ကြာသပတေးနေ့ ညနေ ၆ နာရီ ၃၂ မိနစ်အချိန်က နယူးယောက်မြို့ရှိ (ပထမလမ်းမကြီးနှင့် ၄၂ လမ်းဆုံတွင်) မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြပြီးနောက် Bellevue ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ရဲကအတည်ပြု ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဒီလို ဝမ်းနည်းစရာကောင်းပြီး ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်အတွက် ကျွန်ုပ်တို့ စိတ်မကောင်း ဖြစ်ရပါတယ်။ သူ့ရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်" လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။



news-view-count-icon

25