back

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းရှိ ကန်တိုဆည် ရေဝင်လမ်းပေါ် သတ္တုဆေးကန် တည်ဆောက်မှုအား စိစစ်ပေးရန် ဒေသခံများ တောင်းဆို

Jul 04 • 2:06 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းရှိ ကန်တိုဆည် ရေဝင်လမ်းပေါ် သတ္တုဆေးကန် တည်ဆောက်မှုအား စိစစ်ပေးရန် ဒေသခံများ တောင်းဆို

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသရှိ ကန်တိုဆည်၏ ရေဝင်လမ်းကို ပိတ်ဆို့ကာ သတ္တုဆေးကန် (ချော်ဆေးကန်) တည်ဆောက်နေသည့် လုပ်ငန်းစဉ်အပေါ် သက်ဆိုင်ရာ တာဝ...

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းဒေသရှိ ကန်တိုဆည်၏ ရေဝင်လမ်းကို ပိတ်ဆို့ကာ သတ္တုဆေးကန် (ချော်ဆေးကန်) တည်ဆောက်နေသည့် လုပ်ငန်းစဉ်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ယင်းသတ္တုဆေးကန်ကို ကမ္ဘာသစ်ကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်ပြီး ကန်တိုဆည်သို့ ရေစီးဝင်လာသည့် ရေဆင်းမြောင်းကို ပိတ်ဆို့ကာ လုပ်ငန်းဆောင်ရွက်နေခြင်းကြောင့် ဆည်ရေအပေါ် မှီခိုအသုံးပြုနေသည့် ကျေးရွာများ၏ ရေအသုံးပြုမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လာနိုင်သည်ဟု ဒေသခံများက စိုးရိမ်နေကြသည်။ကမ္ဘာသစ်ကုမ္ပဏီ၏ မူလသတ္တုလုပ်ကွက်မှာ ဖူးရဲကျေးရွာတွင်ရှိသော်လည်း လက်ရှိတွင် ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်းရှိ ကန်တိုဆည်အနီးအထိ လုပ်ငန်းနယ်မြေ တိုးချဲ့လာပြီး သတ္တုဆေးကန် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းသည် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ်နှင့် ဥပဒေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကိုလည်း ဒေသခံများက စိစစ်ပေးရန် တောင်းဆိုထားသည်။ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေပြင်သို့ အမြန်ဆုံး လာရောက်စစ်ဆေးပြီး ဥပဒေနှင့် မညီညွတ်မှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူတားဆီးပေးရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။“ကန်တိုဆည်ဟာ ရေသိုလှောင်တဲ့ ဆည်တစ်ခုတည်း မဟုတ်ဘဲ ဒေသခံတွေရဲ့ စိုက်ပျိုးရေး၊ သောက်သုံးရေနဲ့ အသက်မွေးဝမ်းကျောင်းကို အားထားနေရတဲ့ အရေးပါတဲ့ ရေအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ အကျိုးစီးပွားအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေကြောင့် အများပြည်သူ အသုံးပြုနေတဲ့ ရေအရင်းအမြစ် ထိခိုက်လာမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချက်ချင်း ဝင်ရောက်စိစစ်ပြီး ဥပဒေအတိုင်း အရေးယူပေးဖို့ လိုအပ်ပါတယ်။ ရေဝင်လမ်းတစ်ခု ပိတ်ဆို့ခံရတာဟာ ရေစီးကြောင်းကိုသာ မဟုတ်ဘဲ ဒေသခံတွေရဲ့ အနာဂတ် အသက်မွေးဝမ်းကျောင်းနဲ့ စားဝတ်နေရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် အမြန်ဆုံး စစ်ဆေးဆောင်ရွက်ပေးဖို့ မျှော်လင့်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။




news-view-count-icon

22