ဉာဏ်ရည်တု (AI) ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်နေခြင်း၊ ပြည်တွင်းစီးပွားရေးလှုပ်ရှားမှုများ အားကောင်းလာခြင်းနှင့် ဆောက်လုပ်ရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းတို့ကြောင့် အဓိကသုတေသနအဖွဲ့အစည်းများက စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှု (GDP) ခန့်မှန်းချက်များကို မြှင့်တင်သတ်မှတ်လိုက်ကြသည်။ DBS Group Research ၏ သုံးသပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုလျော့ပါးလာ၍ ပို့ကုန်အန္တရာယ်များ လျော့နည်းသွားပြီး ၂၀၂၆ ခုနှစ်အတွက် စင်ကာပူ၏ GDP တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၂.၈ ရာခိုင်နှုန်းမှ ၄.৩ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၇ ခုနှစ်အတွက် ခန့်မှန်းချက်ကို ၂.၃ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
Jul 03 • 8:59 AM
Singapore
Local News
Share
| 12 | 0 | 0 | 0 |


