မြန်မာ့မီးရထားသည် မန္တလေး-တံတားဦး လမ်းပိုင်း၌ RBE ရထားခရီးစဉ်သစ်ကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ နေ့စဉ် အစုန်အဆန် ၂ ကြိမ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ပထမအကြိမ်ခရီးစဉ်အဖြစ် မန္တလေးဘူတာကြီးမှ နံနက် ၅ နာရီတွင် ထွက်ခွာ၍ တံတားဦးဘူတာသို့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်ပြီး၊ တံတားဦးဘူတာမှ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာကာ မန္တလေးဘူတာကြီးသို့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ဒုတိယအကြိမ်ခရီးစဉ်အဖြစ် ညနေ ၅ နာရီခွဲတွင် မန္တလေးဘူတာကြီးမှ ထွက်ခွာ၍ တံတားဦးဘူတာသို့ ည ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ၊ တံတားဦးဘူတာမှ ည ၇ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး မန္တလေးဘူတာကြီးသို့ ည ၈ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေး-တံတားဦး လမ်းပိုင်းတွင် RBE ရထားခရီးစဉ်သစ် စတင်ပြေးဆွဲ၊ နေ့စဉ် အစုန်အဆန် (၂) ကြိမ် ပြေးဆွဲမည်
Jul 03 • 8:25 AM
Myanmar
Mandalay
Share
| 13 | 0 | 0 | 0 |


