back

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီသမားကို သတ်ပြီး ဆိုင်ကယ်လုယူသွား

Jul 03 • 3:24 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီသမားကို သတ်ပြီး ဆိုင်ကယ်လုယူသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက် ခြုံအတွင်း၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ်တက္ကစီသမားတစ်ဦး၏ ရုပ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက် ခြုံအတွင်း၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ်တက္ကစီသမားတစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ဦးအောင်ဟိန်းဦးဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်တက္ကစီမောင်းရန် ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် လည်ပင်းထိုးသွင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ၏ ဆိုင်ကယ်မှာလည်း ပျောက်ဆုံးနေသဖြင့် ဆိုင်ကယ်လုယက်ပြီး သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်ကြပြီး ၎င်း၏ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

news-view-count-icon

23