back

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် Placement Test အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၈၁၂ ဦး ကျောင်းအပ်နှံ

Jul 03 • 2:47 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် Placement Test အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၈၁၂ ဦး ကျောင်းအပ်နှံ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးများကို Placement Test ...

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးများကို Placement Test အစီအစဉ်ဖြင့် စာမေးပွဲဖြေဆိုစေခဲ့ပြီး အောင်မြင်သူများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဇူလိုင်လ ၂ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကို Grade-1 မှ Grade-8 အထိ သက်ဆိုင်ရာအတန်းများတွင် ဆက်လက်ပညာသင်ယူနိုင်ရေး စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၉ ကျောင်း၌ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၁၂ ဦး လာရောက်ကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။ ကျောင်းအလိုက် ကျောင်းအပ်နှံမှုအနေဖြင့် အထက (မြို့မ) တွင် ၃၁၉ ဦး၊ အလက (ခွဲ-ကျောတိုက်) တွင် ၁၆၁ ဦး၊ အလက (ခွဲ-စည်ပင်) တွင် ၉၂ ဦး အပါအဝင် သက်ဆိုင်ရာ ထက်, လယ်, မူ ကျောင်းများအလိုက် အသီးသီး ကျောင်းအပ်နှံခဲ့ကြကြောင်း သိရသည်။

news-view-count-icon

23