back

ချင်းလူငယ်များအတွက် အခမဲ့နည်းပညာသင်ကြားရေးပလက်ဖောင်း (CITA) ကို ချင်းလူမျိုးတစ်ဦး စတင်ဖွင့်လှစ်

Jul 02 • 7:31 AM

breaking-news

Myanmar

Chin

cover

ချင်းလူငယ်များအတွက် အခမဲ့နည်းပညာသင်ကြားရေးပလက်ဖောင်း (CITA) ကို ချင်းလူမျိုးတစ်ဦး စတင်ဖွင့်လှစ်

ချင်းပြည်နယ်၌ လက်ရှိနယ်မြေဒေသ အခြေအနေများကြောင့် ပညာရေးနှင့် နည်းပညာသင်ယူခွင့် အကန့်အသတ်ရှိနေသည့် ချင်းလူငယ်များအတွက် အခမဲ့နည်းပညာသင်ကြားရေးပလက်ဖောင်း Chinland ...

ချင်းပြည်နယ်၌ လက်ရှိနယ်မြေဒေသ အခြေအနေများကြောင့် ပညာရေးနှင့် နည်းပညာသင်ယူခွင့် အကန့်အသတ်ရှိနေသည့် ချင်းလူငယ်များအတွက် အခမဲ့နည်းပညာသင်ကြားရေးပလက်ဖောင်း Chinland InfoTech Academy (CITA) ကို ချင်းဘာသာပြန်စနစ် (Chin Translator) ဖန်တီးခဲ့သူ Salai Nung Lian Sum က ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။ ယင်းပလက်ဖောင်းသည် မည်သူမဆို မိမိအဆင်ပြေသည့်အချိန်တွင် ကိုယ်တိုင်လေ့လာနိုင်သည့် (Self-paced learning) စနစ်ဖြစ်ပြီး၊ ဝက်ဘ်ဘရောက်ဇာ (Web Browser) မှတစ်ဆင့် ဆော့ဖ်ဝဲထည့်သွင်းရန်မလိုဘဲ တိုက်ရိုက်သင်ယူကာ လက်တွေ့ပရောဂျက်များ လုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်။ လတ်တလောတွင် AI အသုံးပြုနည်း၊ Web Development၊ Python၊ SQL၊ Machine Learning နှင့် Data Science စသည့် သင်ခန်းစာများကို အင်္ဂလိပ်ဘာသာဖြင့် လေ့လာနိုင်ပြီး၊ နားမလည်သည်များကို မေးမြန်းရန် AI အကူအညီစနစ်လည်း ထည့်သွင်းထားကာ အနာဂတ်တွင် ချင်းဘာသာစကားဖြင့်ပါ လေ့လာနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စိတ်ဝင်စားသူများအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

news-view-count-icon

15