ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်နှင့် ဟိုပုံးဒေသများတွင် လူငယ်များအကြား အွန်လိုင်းစလော့ဂိမ်း (Slot Game) လောင်းကစားပြုလုပ်မှု ပိုမိုများပြားလာပြီး နေ့စဉ်လုပ်အားခအများစုကို ဂိမ်းတွင် ထည့်သွင်းဆော့ကစားနေကြသဖြင့် မိသားစုနှင့် လူမှုဘဝများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခင်က အပျင်းပြေကစားသည့် အဆင့်သာရှိခဲ့သော်လည်း လက်ရှိတွင် နေ့စဉ်ရရှိသည့် လုပ်အားခ ကျပ် ၁၅,၀၀၀ ခန့်အနက် ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိ ငွေကြေးရင်းနှီးမြှုပ်နှံကာ အလောင်းအစားပုံစံဖြင့် ကစားသူ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယင်းကဲ့သို့ လောင်းကစားမှုများ တိုးလာခြင်းကြောင့် ကျေးရွာများအတွင်း ဂိမ်းရှုံး၍ ခိုးယူမှုများပြားလာခြင်း၊ ရန်ဖြစ်ခြင်းနှင့် မိသားစုအတွင်း ငွေကြေးတောင်းခံရာမှ ပဋိပက္ခဖြစ်ပွားခြင်းစသည့် အထိန်းအကွပ်မဲ့ လူမှုရေးပြဿနာများ ဖြစ်ပေါ်လာသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။ တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံမြို့များတွင် ဖမ်းဆီးအရေးယူမှုအချို့ ရှိသော်လည်း ဟန်ပြအဆင့်သာဖြစ်နေ၍ နောက်နောင်တွင် အွန်လိုင်းစလော့ဂိမ်း ဖြန့်ဖြူးသူများနှင့် ကြော်ငြာသူများကိုပါ ထိရောက်စွာ စိစစ်အရေးယူပေးစေလိုကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ရှမ်းပြည်နယ်၊ဆီဆိုင်နှင့် ဟိုပုံးဒေသ၌ လူငယ်များအကြား အွန်လိုင်းစလော့ဂိမ်းကစားမှု မြင့်တက်လာပြီး လူမှုရေးပြဿနာများ ဖြစ်ပွားလာ
Jul 02 • 7:01 AM
Myanmar
Shan
Share
| 21 | 0 | 0 | 0 |


