ဂျပန်ယန်းငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် သိသာစွာ ဆက်တိုက်ကျဆင်းနေပြီး သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်များသို့ ရောက်ရှိလာရာ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့အတွက် စိုးရိမ်စရာ အနီရောင်အဆင့် (Red lines) သို့ ချဉ်းကပ်လာနေသည်။ယခုကဲ့သို့ ယန်းငွေတန်ဖိုး ကျဆင်းရခြင်းမှာ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အကြား အတိုးနှုန်းကွာဟချက် ကြီးမားနေခြင်းကြောင့် ဖြစ်သည်။ ဘဏ္ဍာရေးကျွမ်းကျင်သူများက အစိုးရအနေဖြင့် ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ပြီး ယန်းငွေကို ပြန်လည်ထိန်းကျောင်းရန် (Currency intervention) လုပ်ဆောင်နိုင်ခြေ ရှိ၊ မရှိကို စောင့်ကြည့်နေကြသည်။ ယန်းငွေ အလွန်အမင်း ကျဆင်းခြင်းသည် ပြည်ပမှ တင်သွင်းရသည့် စွမ်းအင်နှင့် ကုန်ကြမ်းစရိတ်များကို ပိုမိုမြင့်မားစေသဖြင့် ပြည်တွင်းကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှုရှိနိုင်ကြောင်း သိရသည်။
Jul 02 • 4:35 AM
Japan
Local News
Share
| 18 | 0 | 0 | 0 |


