မန္တလေးမြို့ရှိ ရပ်ကွက်များ၌အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ ကုန်ကျစရိတ်ကြီးမားလာခြင်းကြောင့် လာမည့်ဝါတွင်းကာလ (၁၆) ပတ်အတွင်း ဥပုသ်နေ့တိုင်း ကျင်းပလေ့ရှိသည့် သီလပွဲ တရားနာအလှူအတန်းများတွင် ကုသိုလ်ရှင် အလှူရှင်များ တစ်နှစ်ထက်တစ်နှစ် သိသာစွာ လျော့နည်းသွားနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ ယခင်က ဝါတွင်းတစ်လျှောက်လုံး အလှူရှင်ပြည့်နှက်နေတတ်သော်လည်း လက်ရှိ ကိုဗစ်-၁၉ ရောဂါ၊ နိုင်ငံရေးနှင့် စီးပွားရေးကျပ်တည်းမှု နောက်ဆက်တွဲများကြောင့် အချို့ရပ်ကွက်များ၌ ဝါတွင်းတစ်ခုလုံးတွင် (၅) ရက် သို့မဟုတ် (၆) ရက်ခန့်သာ အလှူရှင်ရှိတော့သည့်အထိ ဆုတ်ယုတ်လျော့နည်းလာနေခြင်း ဖြစ်သည်။
Jul 02 • 4:34 AM
Myanmar
Mandalay
Share
| 10 | 0 | 0 | 0 |


