back

ရှမ်းပြည်နယ်၊အင်းလေးဒေသ၌ ကျွန်းမျောများ ပျက်စီးလာခြင်းကြောင့် ရေပေါ်စိုက်ပျိုးမှု လျော့နည်းလာ

Jul 02 • 4:14 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊အင်းလေးဒေသ၌ ကျွန်းမျောများ ပျက်စီးလာခြင်းကြောင့် ရေပေါ်စိုက်ပျိုးမှု လျော့နည်းလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေး၌ ဓာတုဆေးဝါးများကို အလွန်အကျွံ သုံးစွဲလာခြင်းကြောင့် သဘာဝကျွန်းမျောများ ပျက်စီးလာကာ ရေပေါ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေး၌ ဓာတုဆေးဝါးများကို အလွန်အကျွံ သုံးစွဲလာခြင်းကြောင့် သဘာဝကျွန်းမျောများ ပျက်စီးလာကာ ရေပေါ်စိုက်ပျိုးမှုစနစ် လျော့နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။ အင်းလေးရေပြင် တိမ်ကောလာမှု၊ လူဦးရေထူထပ်လာ၍ နေရာချဲ့ထွင်လာမှုတို့အပြင် ဓာတုဗေဒပစ္စည်းများကြောင့် ဗေဒါ၊ ရေမှော်၊ ကိုင်းပင်များနှင့် မြေနုအနည်အနှစ်များဖြင့် သဘာဝအတိုင်း ဖွဲ့စည်းထားသည့် ရေပေါ်ကျွန်းမျော (ရေခြံ) များမှာ ရေရှည်မခံဘဲ ပျက်စီးလွယ်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဒေသခံအချို့မှာ ကုန်းပေါ်စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲလုပ်ကိုင်လာကြသော်လည်း စက်ယန္တရားများနှင့် ရေပြန်လည်သိုလှောင်ရသဖြင့် ကုန်ကျစရိတ် ပိုမိုမြင့်မားလာပြီး မိသားစုဝင်ငွေ အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။ ဒေသတွင်း အဓိကစီးပွားရေးဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ သဘာဝအမွေအနှစ်တစ်ခုဖြစ်သော အင်းလေးရေပေါ်စိုက်ခင်းဓလေ့ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း သိရသည်။

news-view-count-icon

42