ထိုင်းနိုင်ငံ၊ ရွှေတြိဂံဒေသသို့ သွားရောက်သည့် မဲခေါင်မြစ်ဘေးတစ်လျှောက်ရှိ ချင်းဆဲန် - ချင်းခုန် ကားလမ်းမကြီးအနီး နေရာအများအပြားတွင် ရေတိုက်စား၍ လမ်းပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် သွားလာကြသူများ အထူးသတိပြုကြရန် ခရီးသွားလမ်းညွှန်များက သတိပေးနှိုးဆော်ထားသည်။ ဇွန်လ ၂၉ ရက်နေ့မှစတင်ကာ ချင်းရိုင်ခရိုင်၊ ချင်းခုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချင်းခုန်နှင့် ထန်းမြို့နယ်အတွင်းရှိ နေရာအတော်များများတွင် တောင်ကျရေများ အရှိန်အဟုန်ဖြင့် ထိုးဆင်းကာ ရေကြီးရေလျှံမှုများနှင့် လမ်းပိုင်းပျက်စီးမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။အဆိုပါလမ်းမကြီးသည် မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်ခြမ်းနှင့် အပြိုင်သွယ်တန်းကာ ရွှေတြိဂံဒေသသို့ ဖောက်လုပ်ထားသည့် လမ်းကြောင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ အများအပြား သွားလာလည်ပတ်လေ့ရှိသည့် လမ်းပိုင်းတစ်ခု ဖြစ်သည်။ လက်ရှိတွင် လမ်းပျက်စီးမှုအခြေအနေများကြောင့် အချို့နေရာများ၌ ပစ်ကပ်ကားကြီးများကိုသာ လမ်းကြောတစ်ခုတည်းဖြင့် ရုန်းမောင်းခွင့်ပြုထားပြီး၊ အိမ်စီးကားငယ်များကိုမူ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ပင်ထားမှုများရှိနေသဖြင့် ယင်းရက်ပိုင်းအတွင်း ချင်းဆဲန်နှင့် ချင်းခုန်ဘက်သို့ သွားလာမည့် ခရီးသွားများအနေဖြင့် လမ်းကြောင်းအခြေအနေကို ကြိုတင်သတိပြု စုံစမ်းသွားလာသင့်ကြောင်း သိရသည်။
Jul 01 • 1:53 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


