back

တရုတ်ကမ်းခြေစောင့်တပ်က ကျင်းမန်ကျွန်းအနီး ပင်လယ်ပြင်တွင် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်

Jul 01 • 1:37 AM

breaking-news

China

Local News

cover

တရုတ်ကမ်းခြေစောင့်တပ်က ကျင်းမန်ကျွန်းအနီး ပင်လယ်ပြင်တွင် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၏ ကမ်းခြေစောင့်တပ်သည် ကျင်းမန်ကျွန်းအနီး ပင်လယ်ပြင်တွင် ဇွန်လ ၂၉ ရက်နေ့က တရားဥပဒေစိုးမိုးရေး ပုံမှန်ကင်းလှည့်မှုများ ပြုလ...

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်၏ ကမ်းခြေစောင့်တပ်သည် ကျင်းမန်ကျွန်းအနီး ပင်လယ်ပြင်တွင် ဇွန်လ ၂၉ ရက်နေ့က တရားဥပဒေစိုးမိုးရေး ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ် (CCG) တုန်းဟိုင်ဌာနခွဲ ပြောရေးဆိုခွင့်ရှိသူ ကျူးအန်းချင့်က ပြောကြားခဲ့သည်။ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဒေသရှိ ငါးဖမ်းသမားများ၏ တရားဝင်အခွင့်အရေး၊ အကျိုးစီးပွားနှင့် အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်၊ ရှမန်-ကျင်းမန်အကြား ရေကြောင်းသွားလာမှုများ စနစ်တကျရှိစေရန် ရည်ရွယ်၍ ဖူကျန့်ကမ်းခြေစောင့်တပ်သည် သက်ဆိုင်ရာပင်လယ်ပြင်များတွင် ထိန်းချုပ်စီမံမှုကို အားကောင်းစေရန် ဇွန်လဆန်းကတည်းက လုပ်ငန်းအဖွဲ့များ စေလွှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

7