အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်အပြောင်းအလဲ (Transit) စောင့်ဆိုင်းနေခိုက် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေသဖြင့် လေဆိပ်အတွင်း ပိတ်မိကာ အခက်အခဲကြုံတွေ့နေရသည့် မြန်မာအမျိုးသမီးတစ်ဦးအား ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပေးခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၉ ရက်နေ့တွင် ထိုင်းလေဆိပ်ရဲတပ်ဖွဲ့၏ အကြောင်းကြားချက်အရ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများသည် Myanmar Airways International (MAI) လေကြောင်းလိုင်းနှင့် အမြန်ဆုံး ညှိနှိုင်းကာ လေယာဉ်လက်မှတ် အဆင်ပြေအောင် ပံ့ပိုးကူညီပေးခဲ့သဖြင့် အဆိုပါ မြန်မာအမျိုးသမီးမှာ မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ဘန်ကောက်လေဆိပ်တွင် လေယာဉ်လက်မှတ်အတုဖြင့် ပိတ်မိနေသည့် မြန်မာအမျိုးသမီးတစ်ဦးအား သံအရာရှိရုံးက ကူညီမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့
Jun 30 • 10:19 AM
Thailand
Local News
Share
| 6 | 0 | 0 | 0 |


