back

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်၌ ရေတွင်းဟောင်းအတွင်း ပြုတ်ကျသူတစ်ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

Jun 30 • 8:44 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်၌ ရေတွင်းဟောင်းအတွင်း ပြုတ်ကျသူတစ်ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာတွင် ဇွန်လ ၃၀ ရက် ယနေ့နံနက် ၆ နာရီ ၅၅ မိနစ်အချိန်ခန့်က ရေမရှိသော ရေတွင်းဟောင်းတစ်ခုအတွင်းသို့ အမျိုးသားတစ်ဦး ပြု...

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာတွင် ဇွန်လ ၃၀ ရက် ယနေ့နံနက် ၆ နာရီ ၅၅ မိနစ်အချိန်ခန့်က ရေမရှိသော ရေတွင်းဟောင်းတစ်ခုအတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းအရ ကျောက်မဲခရိုင်/မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးသတ်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီခဲ့ရာ ရေတွင်းထဲပြုတ်ကျသူကို မစိုးရိမ်ရထိခိုက်ဒဏ်ရာများဖြင့် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး၊ နမ့်ခုံးပရဟိတလူနာတင်ယာဉ်ဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

15