Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ပွဲစဉ်အတွင်း သစ္စာအားမာန်အသင်းအတွက် ဦးဆောင်ဂိုးကို ၃၈ မိနစ်တွင် တိုက်စစ်မှူး မြတ်နိုးခင်က သွင်းယူပေးခဲ့သော်လည်း၊ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်မြှင့်တင်မှုကို မထိန်းချုပ်နိုင်ဘဲ မိနစ် ၆၅ တွင် လူစားဝင်ကစားသမား ဒေစီအောင်၊ ၇၁ မိနစ်တွင် တိုက်စစ်မှူး ဇင်မိုးပြည့်၏ ပင်နယ်တီသွင်းဂိုးများဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက ပွဲကို ပြန်လည်အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးလိဂ် ပွဲစဉ်(၃)တွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယားကို ယာယီဦးဆောင်
Jun 30 • 8:39 AM
Myanmar
Local
Share
| 27 | 0 | 0 | 0 |


