back

ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုများ စိတ်လာသဖြင့် အထပ်မြင့်ကန်ထရိုက်တိုက်များ၏ ကြံ့ခိုင်မှုအပေါ် မြို့ခံများနှင့် ပညာရှင်များ စိုးရိမ်ပူပန်နေ

Jun 30 • 3:34 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုများ စိတ်လာသဖြင့် အထပ်မြင့်ကန်ထရိုက်တိုက်များ၏ ကြံ့ခိုင်မှုအပေါ် မြို့ခံများနှင့် ပညာရှင်များ စိုးရိမ်ပူပန်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလပိုင်းအတွင်း ငလျင်အသေးစားနှင့် အလတ်စားများ ဆက်တိုက်လှုပ်ခတ်နေမှုကြောင့် အထပ်မြင့်အဆောက်အအုံ ပေါများသည့် ရန်ကုန်မြို့ခံပြည်သူများအ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလပိုင်းအတွင်း ငလျင်အသေးစားနှင့် အလတ်စားများ ဆက်တိုက်လှုပ်ခတ်နေမှုကြောင့် အထပ်မြင့်အဆောက်အအုံ ပေါများသည့် ရန်ကုန်မြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ အထူးသဖြင့် မြေပျော့ဇုန်များတွင် တည်ရှိပြီး ကန်ထရိုက်တိုက် အများအပြားရှိသည့် ရန်ကုန်မြို့တွင်း၊ တာမွေ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံနှင့် မြောက်ဥက္ကလာပ စသည့်မြို့နယ်များမှ ဒေသခံများသည် နေ့စဉ်နှင့်အမျှ ငလျင်အန္တရာယ်ကို စိုးရိမ်နေကြပြီး၊ စံချိန်စံညွှန်းမီ မမီ မသေချာသည့် ဘေးပတ်ဝန်းကျင်ရှိ အထပ်မြင့်ကန်ထရိုက်တိုက်များကြောင့် ညဘက်တွင် ကောင်းကောင်းမအိပ်ရဲဘဲ ဖြစ်နေကြကြောင်း မြို့ခံအချို့က ဆိုသည်။အင်ဂျင်နီယာပညာရှင်တစ်ဦး၏ ထောက်ပြချက်အရ ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့နှင့် မလှမ်းမကမ်းတွင် ရှိနေသဖြင့် ငလျင်အန္တရာယ် အမြဲရှိနေပြီး၊ ယခုကဲ့သို့ ငလျင်အသေးစားများ လပေါင်းများစွာ ဆက်တိုက်လှုပ်နေခြင်းသည် အဆောက်အအုံများ၏ ဖွဲ့စည်းပုံကြံ့ခိုင်မှုကို တဖြည်းဖြည်း အားနည်းသွားစေနိုင်ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်များအနေဖြင့် ငလျင်ဒဏ်ခံ (Earthquake Resistant) ဒီဇိုင်းနှင့် စံချိန်စံညွှန်းပြည့်မီသော ကုန်ကြမ်းများ အမှန်တကယ်သုံး၊ မသုံး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးပြီး စံချိန်မမီပါက အချိန်မီ အရေးယူရန် လိုအပ်နေပြီဖြစ်သည်။ လတ်တလောတွင် ကြီးမားသော ပျက်စီးမှုမရှိသေးသော်လည်း အဆောက်အအုံဟောင်းအချို့နှင့် ကန်ထရိုက်တိုက်အချို့တွင် နံရံအက်ကွဲခြင်းနှင့် ဘိလပ်မြေကွာကျခြင်းများ ရှိနေသဖြင့် မြို့ခံများက လူမှုကွန်ရက်တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြကာ သတိပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

19