ပါရီစိန်ဂျာမိန်း (PSG) အသင်းသည် လိုက်ပ်ဇစ်အသင်းတွင် ခြေစွမ်းပြနေသည့် အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်ကစားသမား ဒီယိုမန်ဒီကို ၅ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့သည်။ အသက် ၁၉ နှစ်အရွယ်ရှိ ဒီယိုမန်ဒီကို လီဗာပူးလ်အသင်းကလည်း ၎င်းတို့၏ကြယ်ပွင့် ဆာလာ၏နေရာတွင် အစားထိုးရန် ပစ်မှတ်ထားခဲ့သော်လည်း ကစားသမားဖြစ်သူက PSG အသင်း၏ ကမ်းလှမ်းမှုကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ဒီယိုမန်ဒီသည် ပြီးခဲ့သည့်ရာသီက လိုက်ပ်ဇစ်အသင်းတွင် တောက်ပခဲ့သည့်အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အိုင်ဗရီကို့စ်အမျိုးသားအသင်းအတွက် ကောင်းမွန်စွာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။ PSG အသင်းသည် ကစားသမားနှင့် သဘောတူညီမှု ရရှိပြီးဖြစ်သဖြင့် ပြောင်းရွှေ့ကြေးကိစ္စအတွက် လိုက်ပ်ဇစ်အသင်းနှင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။လိုက်ပ်ဇစ်အသင်းသည် ဒီယိုမန်ဒီကို ၂၀၂၅ နွေရာသီက လီဟာနက်စ်အသင်းထံမှ ယူရိုသန်း ၂၀ ဖြင့်သာ ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် ၎င်း၏ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၃၀ အထိ လိုလားနေသည်။ လက်ရှိတွင် မန်စီးတီးနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ကလည်း ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေကြပြီး PSG နှင့် လိုက်ပ်ဇစ်အသင်းတို့၏ ဆွေးနွေးမှုအခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
PSG အသင်းက အိုင်ဗရီကို့စ် တောင်ပံကစားသမား ဒီယိုမန်ဒီကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိ
Jun 30 • 2:02 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


