တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) နှင့် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက် (SPS Protocol) လက်မှတ်ရေးထိုးရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဇွန်လဒုတိယပတ်အတွင်းက ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းချိတ်ဆက်မှုခရီးစဉ်တွင် ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် အမြန်ဆုံးတင်ပို့နိုင်ရေး ကြိုတင်ညှိနှိုင်းခဲ့ကြသည်။ GACC က သတ်မှတ်ထားသည့် ပိုးမွှား ၆ မျိုးအား စစ်ဆေးအတည်ပြုပြီးပါက ယခုနှစ် အောက်တိုဘာလအတွင်း တရားဝင်တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး၊ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာစံနှုန်းမီ ထုတ်ပိုးစက်ရုံများ (Packing Houses) တည်ဆောက်ရန် တရုတ်ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားကာ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် မြန်မာ့ထောပတ်သီးကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အဓိကစိုက်ပျိုးပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ရာသီချိန်ဖြစ်သောကြောင့် တောင်သူများအနေဖြင့် GACC စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် လိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) က တိုက်တွန်းထားကာ စိုက်ပျိုးရေးဦးစီးဌာနကလည်း ပိုးမွှားကာကွယ်နှိမ်နင်းရေး နည်းပညာများ ပံ့ပိုးပေးလျက်ရှိသည်။
မြန်မာ့ထောပတ်သီး တရုတ်သို့ တရားဝင်တင်ပို့ခွင့်ရရေး SPS Protocol လက်မှတ်ရေးထိုးရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိ
Jun 30 • 2:01 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


