back

ထိုင်းအိမ်ခြံမြေဈေးကွက် ၂၀၂၇ ခုနှစ် မြေယာတန်ဖိုး ပြန်လည်သတ်မှတ်ချက်ကြောင့် ပိုမိုထိခိုက်နိုင်ကြောင်း လုပ်ငန်းရှင်များ သတိပေး

Jun 30 • 1:59 AM

breaking-news

Thailand

Local News

cover

ထိုင်းအိမ်ခြံမြေဈေးကွက် ၂၀၂၇ ခုနှစ် မြေယာတန်ဖိုး ပြန်လည်သတ်မှတ်ချက်ကြောင့် ပိုမိုထိခိုက်နိုင်ကြောင်း လုပ်ငန်းရှင်များ သတိပေး

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ဝယ်လိုအားကျဆင်းခြင်းနှင့် စီးပွားရေးဦးမော့မှု နှေးကွေးခြင်းတို့ကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် အစိုး...

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ဝယ်လိုအားကျဆင်းခြင်းနှင့် စီးပွားရေးဦးမော့မှု နှေးကွေးခြင်းတို့ကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် အစိုးရက ၂၀၂၇ ခုနှစ်၌ စတင်ရန် စီစဉ်ထားသည့် မြေယာတန်ဖိုး ဆန်းစစ်ချက်အသစ်ကို ရွှေ့ဆိုင်းပေးရန် ပုဂ္ဂလိကလုပ်ငန်းရှင်များက တောင်းဆိုထားသည်။ အဆိုပါ မြေယာတန်ဖိုး ပြန်လည်သတ်မှတ်ချက်သည် အားနည်းနေပြီးဖြစ်သော အိမ်ခြံမြေဈေးကွက်အပေါ် ကုန်ကျစရိတ်ဒဏ် ပိုမိုပိစေမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သတိပေးထားသည်။အခွန်နှုန်းထား မပြောင်းလဲလျှင်ပင် တွက်ချက်သည့် အခြေခံတန်ဖိုး မြင့်တက်သွားခြင်းကြောင့် အိမ်ဝယ်ယူသူများ၊ မြေပိုင်ရှင်များနှင့် လုပ်ငန်းရှင်များ ပေးဆောင်ရမည့် အခွန်ပမာဏ ပိုမိုများပြားလာမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေယာတန်ဖိုးသည် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။လက်ရှိတွင် ဈေးကွက်အတွင်း၌ ရောင်းချရန် ကျန်ရှိနေသည့် အိမ်ခြေတန်ဖိုး ဘတ် ၁.၃ ထရီလီယံကျော် အပါအဝင် စုစုပေါင်း ဘတ် ၂ ထရီလီယံနီးပါးရှိသော အိမ်ခြံမြေနှင့် မြေယာလက်ကျန်များ ရှိနေသဖြင့် လုပ်ငန်းရှင်များအတွက် အခွန်ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာနိုင်သည်။ အဆိုပါအခြေအနေသည် အိမ်ခြံမြေကဏ္ဍသာမက ဟိုတယ်၊ လက်လီလုပ်ငန်း၊ စက်ရုံများနှင့် စိုက်ပျိုးရေးကဏ္ဍများအထိပါ ရိုက်ခတ်မှုရှိလာနိုင်သဖြင့် အစိုးရအနေဖြင့် စီးပွားရေးအခြေအနေကို သေချာစွာသုံးသပ်ပြီး ယင်းအစီအစဉ်ကို ရွှေ့ဆိုင်းရန် သို့မဟုတ် သက်သာခွင့်အစီအမံများ တွဲဖက်လုပ်ဆောင်ပေးရန် လုပ်ငန်းရှင်များက တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

10