၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုသူ အကျဉ်းသား ၃၆ ဦးစလုံး အောင်မြင်ခဲ့သဖြင့် ရာနှုန်းပြည့်အောင်မြင်မှုကို ၅ နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတစ်ဝန်း အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ အကျဉ်းဦးစီးဌာနလက်အောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၃၆ ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး အောင်မြင်ခဲ့သဖြင့် ယခုနှစ်တွင် အကျဉ်းထောင်များမှ စုစုပေါင်း အကျဉ်းသား ၄၆ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
Jun 29 • 9:42 AM
Myanmar
Yangon
Share
| 18 | 0 | 0 | 0 |


