၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၌ ဝင်ရောက်ဖြေဆိုသူ ၅,၉၉၁ ဦးအနက် ၂,၇၆၄ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆.၁၄ ရာခိုင်နှုန်းသာရှိပြီး ပြီးခဲ့သည့်နှစ် အောင်ချက် ၅၀.၅၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကာ တိုင်းနှင့်ပြည်နယ်အလိုက် အဆင့် ၁၄ သို့ ရောက်ရှိသွားသည်။ သို့သော် ကျောင်းသား၊ ကျောင်းသားများ၏ တစ်ဦးချင်း ဂုဏ်ထူးရရှိမှုတွင်မူ ယခင်နှစ်က ၃၂၉ ဦးသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ဘာသာစုံဂုဏ်ထူးရှင် ၁ ဦးအပါအဝင် စုစုပေါင်း ၆၆၄ ဦးအထိ သိသိသာသာ တိုးတက်များပြားလာခဲ့သည်။ ထို့ပြင် ဝိပ္ပံဘာသာတွဲဖြင့် ဝင်ရောက်ဖြေဆိုခဲ့သည့် မြိတ်မြို့မှ ငါးဘာသာဂုဏ်ထူးရှင် မောင်သန့်ဇွဲဟိန်းသည် စုစုပေါင်းရမှတ် ၅၁၅ မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။ ယခုနှစ်တွင် တနင်္သာရီတိုင်း၌ စာစစ်ဌာန ၁၇ ခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်သာ စာစစ်ဌာန မရှိခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ ပိုများလာသော်လည်း အောင်ချက်ရာခိုင်နှုန်းကျဆင်း
Jun 29 • 3:42 AM
Myanmar
Tanintharyi
Share
| 7 | 0 | 0 | 0 |


