မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို CCTV ကင်မရာများနှင့် Real Time Online Monitoring စနစ်များအသုံးပြုကာ ၂၄ နာရီပတ်လုံး စောင့်ကြည့်နေသည့်အပြင် ရန်ကုန် (သီလဝါ) မှလာသည့် ဆီသယ်ယာဉ် (ဘောက်ဆာ) များကိုလည်း GPS နှင့် ဆီလက်ကျန်သိနိုင်သည့် Sensor များတပ်ဆင်၍ လမ်းကြောင်းအတိုင်း မောင်းနှင်မှု ရှိ၊ မရှိ အွန်လိုင်းမှတစ်ဆင့် တိုးမြှင့်စောင့်ကြည့်လျက်ရှိသည်။ သတ်မှတ်စည်းကမ်းအတိုင်း QR Code ဖြင့် မရောင်းချဘဲ ပုံးများဖြင့် ရောင်းချခြင်းနှင့် လိုင်စင်မဲ့ယာဉ်များကို ရောင်းချခြင်း ရှိ၊ မရှိ စောင့်ကြည့်ကာ စည်းကမ်းမလိုက်နာပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဆိုထားသော်လည်း၊ လက်တွေ့တွင် အဆိုပါစောင့်ကြည့်စနစ်သည် စစ်ဆေးရေးအဖွဲ့များအတွက် လာဘ်ပေးလာဘ်ယူလုပ်ရန် ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာပြီး ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းသုံး တောင်သူများအတွက် ဆီဝယ်ယူရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်၏ စက်သုံးဆီရည်ညွှန်းဈေးနှုန်းမှာ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၄,၀၇၅ ကျပ်နှင့် ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၄,၁၂၀ ကျပ်သို့ အသီးသီး ဈေးကျခဲ့သော်လည်း အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များထက် ဈေးနှုန်းပိုမိုမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ဆီတင်ယာဉ်များကို နည်းပညာများဖြင့် တိုးမြှင့်စောင့်ကြည့်နေ
Jun 28 • 4:42 AM
Myanmar
Mon
Share
| 10 | 0 | 0 | 0 |


