နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင် ကျောင်းနေအရွယ် ကလေးငယ်များကို အလုပ်သမားအဖြစ် ခိုင်းစေခြင်းမရှိသလောက် ရှားပါးသွားပြီဖြစ်ကြောင်း ဇွန် ၂၆ ရက်တွင် ဒေသခံများထံမှ သိရသည်။ ယခင် ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း စီးပွားရေးကျပ်တည်းမှုများနှင့် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် မိဘများက သားသမီးများကို လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ၌ စားပွဲထိုးနှင့် တောက်တိုမယ်ရ အလုပ်များတွင် လစာဖြင့် ခိုင်းစေမှုများ ရှိခဲ့သော်လည်း၊ လက်ရှိတွင် ဆိုင်ပိုင်ရှင်များကိုယ်တိုင်က ကလေးငယ်များကို အလုပ်ခန့်ထားရန် အဆင်မပြေတော့သဖြင့် လက်မခံကြတော့ဘဲ ရှောင်ကြဉ်လာကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် စားသောက်ဆိုင်များနှင့် အဝတ်အထည်၊ စတိုးဆိုင်၊ ဖုန်းဆိုင်များ၌ အလုပ်လုပ်နိုင်ကိုင်နိုင်သည့် အသက်အရွယ်ပြည့်ပြီးသူများနှင့် အသက် ၁၄၊ ၁၅ နှစ်ဝန်းကျင် အရွယ်ရောက်စ မိန်းကလေးငယ်များကိုသာ ဧည့်ကြိုနှင့် စားပွဲထိုးအဖြစ် အဓိက အစားထိုးခန့်အပ် လုပ်ကိုင်လာကြကြောင်း သိရသည်။
Jun 28 • 4:09 AM
Myanmar
Naypyidaw
Share
| 7 | 0 | 0 | 0 |


