menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မလေးရှားရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့လျှောက်ထားမှုအတွက် QR ရက်ချိန်းစနစ် ဖျက်သိမ်းပြီး WhatsApp စနစ်သို့ ပြောင်းလဲမည်ဖြစ်

Jun 28 • 1:56 AM

breaking-news

Malaysia

Local

Share

share-news
cover

မလေးရှားရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့လျှောက်ထားမှုအတွက် QR ရက်ချိန်းစနစ် ဖျက်သိမ်းပြီး WhatsApp စနစ်သို့ ပြောင်းလဲမည်ဖြစ်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံး/ပျက်စီးမှုများအတွက် ယခင်အသုံးပြုခဲ့သည့် QR ရ...

cover-photo

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံး/ပျက်စီးမှုများအတွက် ယခင်အသုံးပြုခဲ့သည့် QR ရက်ချိန်းစနစ်ကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ လုံးဝဖျက်သိမ်းသွားမည်ဖြစ်ပြီး၊ ရက်ချိန်းအသစ်များကို WhatsApp မှတစ်ဆင့်သာ ပြန်လည်ရယူရမည်ဖြစ်ကြောင်း ဇွန် ၂၇ ရက်တွင် သံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။ သံရုံးအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က ပတ်စ်ပို့လုပ်ငန်းစဉ်များကို ၃ ရက်ကြာမှ ထုတ်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း၊ ယခုထုတ်ပြန်ချက်တွင်မူ "နေ့ချင်းပြီးစနစ်" ဖြင့် ပြန်လည်ပြောင်းလဲ ဆောင်ရွက်ပေးမည်ဟု အသိပေးထားသည်။ ထို့ကြောင့် ယခင် QR ရက်ချိန်း ရရှိထားသူများအပါအဝင် ပတ်စ်ပို့လျှောက်ထားလိုသူများသည် ဇူလိုင် ၁ ရက်မှစ၍ WhatsApp မှတစ်ဆင့် ရက်ချိန်းပြန်လည်ရယူကြရမည်ဖြစ်ပြီး၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံး၍ Special Pass ကိုင်ဆောင်ထားသူများနှင့် ပါမစ်သက်တမ်းကုန်ဆုံးရန် ရက်နီးကပ်နေသူများကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သို့သော် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လျှောက်ထားသူများမှာမူ ယခင်ရရှိထားသည့် QR ရက်ချိန်းအတိုင်း ဆက်လက်လာရောက်နိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သံရုံး၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

news-view-count-icon

12

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထိုင်းနိုင်ငံ၌ ဆေးခြောက်တင်ပို့မှုတန်ဖိုး မြင့်တက်လာသဖြင့် ပို့ကုန်လျှောက်လွှာများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်

ဂျော်ဒန်နှင့်ပွဲတွင် မက်ဆီ ပွဲထွက်ကစားမည်မဟုတ်ကြောင်း အာဂျင်တီးနားနည်းပြ အတည်ပြု

cover-photo
right-arrow-icon