back

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင် ရွှေမြင်တင်စေတီတော်၏ စိန်ဖူးတော် မြေခပျက်စီး

Jun 28 • 1:41 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သမိုင်းဝင် ရွှေမြင်တင်စေတီတော်၏ စိန်ဖူးတော် မြေခပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေကျောင်းမြောက်ကျေးရွာတွင် တည်ထားပူဇော်ထားသည့် သမိုင်းဝင် ရွှေမြင်တင်စေတီတော်ကြီးသည် ယမန်နေ့ ညနေ ၃ နာရီဝန...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေကျောင်းမြောက်ကျေးရွာတွင် တည်ထားပူဇော်ထားသည့် သမိုင်းဝင် ရွှေမြင်တင်စေတီတော်ကြီးသည် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိန်ဖူးတော်တစ်ခုလုံး မြေခပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စေတီတော်ကြီးမှာ သက်တမ်းရင့်ပြီဖြစ်ကာ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် စိန်ဖူးတော် ပျက်စီးသွားခဲ့သော်လည်း စေတီတော်ပတ်ဝန်းကျင်ရှိ အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ပန်းတနော်မြို့နယ် ဒေသခံတယောက်က “စေတီသက်တမ်းကလည်း မနည်းတော့ဘူးလေ။ အခု လေပြင်းကြောင့် စိန်ဖူးတော်တခုလုံး မြေခခဲ့တာ။ စေတီပတ်ဝန်းကျင်မှာ နောက်ထပ် ပျက်စီးတာ မရှိဘူး” လို့ပြောပါတယ်။

news-view-count-icon

17