ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ ကွန်ဒိုတစ်ခုတွင် အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းအား ခရီးဆောင်သေတ္တာအတွင်း ထည့်ကာ မီးရထားလမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း အသက် ၄၆ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား ဆိုင်မွန်ပီတာကားမန်းက ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားသည်။ သံသယရှိသူသည် ငွေကြေးကိစ္စဖြင့် စကားများရာမှ မိမိကိုယ်ကို ကာကွယ်ရင်း လည်ပင်းညှစ်မိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ထွက်ဆိုထားသော်လည်း၊ ရဲတပ်ဖွဲ့က ၎င်းအား ထိုင်းနိုင်ငံမှ လေဆိပ်မှတစ်ဆင့် ထွက်ပြေးရန် ကြိုးပမ်းစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု အပါအဝင် စွဲချက်များစွာဖြင့် ပတ္တယားခရိုင်တရားရုံးသို့ ပို့ဆောင်ကာ အချုပ်ရမန်ယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပတ္တယားတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို သတ်ပြီး အလောင်းကို ခရီးဆောင်သေတ္တာအတွင်း ထည့်ကာ မီးရထားလမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဩစတြေးလျနိုင်ငံသား ဝန်ခံ
Jun 27 • 7:51 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


