ကမ္ဘာ့ရွှေဈေးကျဆင်းချိန်တွင် အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ သိသိသာသာကျဆင်းခြင်းမရှိဘဲ ကျပ် ၉၇ သိန်းနှင့် ၉၈ သိန်းကြားတွင် ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇွန်လ ၂၅ ရက်က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၃၉၇၃ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း ဇွန်လ ၂၆ ရက် ညနေပိုင်းတွင် ၄၀၄၈ ဒေါ်လာသို့ ပြန်လည်မြင့်တက်လာခဲ့ပြီး၊ အမေရိကန်ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၄၄၆၀ ကျပ်ဝန်းကျင်ဖြင့် အတက်ဘက်တွင် ရှိနေသည်။ စီးပွားရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ကျပ်ငွေပိုမိုများပြားလာပြီး တန်ဖိုးကျဆင်းခြင်း၊ ဒေါ်လာရှားပါးခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ဒေါ်လာဈေးတက်ရခြင်းဖြစ်ကာ၊ ကြားကာလအတွင်း ထူးခြားသည့်ပြောင်းလဲမှုမရှိပါက ပြည်တွင်းရွှေဈေးသည် ကျပ် ၉၇ သိန်းနှင့် သိန်း ၁၀၀ ဝန်းကျင်တွင်သာ ဆက်လက်ရှိနေနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုသည်။
Jun 27 • 7:50 AM
Myanmar
Local
Share
| 25 | 0 | 0 | 0 |


