back

ထိုင်းလွှတ်တော်မှာ ပစ္စည်းချို့ယွင်းချက်ရှိရင် ရောင်းချသူတွေဘက်က တာဝန်ယူရမယ့် Lemon Law ဥပဒေကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြု

Jun 27 • 7:45 AM

breaking-news

Thailand

Local News

cover

ထိုင်းလွှတ်တော်မှာ ပစ္စည်းချို့ယွင်းချက်ရှိရင် ရောင်းချသူတွေဘက်က တာဝန်ယူရမယ့် Lemon Law ဥပဒေကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြု

ထိုင်းနိုင်ငံ အောက်လွှတ်တော်တွင် ချို့ယွင်းချက်ပါရှိသော ပစ္စည်းများနှင့်ပတ်သက်၍ စားသုံးသူများဘက်မှ အကာအကွယ်ပေးမည့် "Lemon Law" (ကုန်ပစ္စည်းချို့ယွင်းမှု တာဝန်ရှ...

ထိုင်းနိုင်ငံ အောက်လွှတ်တော်တွင် ချို့ယွင်းချက်ပါရှိသော ပစ္စည်းများနှင့်ပတ်သက်၍ စားသုံးသူများဘက်မှ အကာအကွယ်ပေးမည့် "Lemon Law" (ကုန်ပစ္စည်းချို့ယွင်းမှု တာဝန်ရှိမှုဥပဒေ) မူကြမ်းကို ဇွန်လ ၂၄ ရက်က ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် အစိုးရအဖွဲ့က တင်သွင်းသည့် အဆိုပါဥပဒေအရ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ ဝယ်ယူပြီး ၆ လအတွင်း (မော်တော်ကားများအတွက် ၁ နှစ်အတွင်း) ချို့ယွင်းချက်ပေါ်ပေါက်ပါက ဝယ်ယူသူဘက်က သက်သေပြရန်မလိုဘဲ ရောင်းချသူဘက်က ပြင်ဆင်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ ဈေးလျှော့ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းပေးခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ရာ ဝယ်ယူသူနှင့် ရောင်းချသူကြား အငြင်းပွားမှုများနှင့် တရားစွဲဆိုရမည့် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

news-view-count-icon

5