back

မက်ခါလာ မုန်တိုင်းကြောင့် ထိုင်းနိုင်ငံတစ်ဝန်း မိုးကြီးနိုင်ကြောင်း သတိပေး

Jun 27 • 7:43 AM

breaking-news

Thailand

Local News

cover

မက်ခါလာ မုန်တိုင်းကြောင့် ထိုင်းနိုင်ငံတစ်ဝန်း မိုးကြီးနိုင်ကြောင်း သတိပေး

ပစိဖိတ်သမုဒ္ဒရာပေါ်ရှိ အပူပိုင်းမုန်တိုင်း "မက်ခါလာ" သည် ဂျပန်နိုင်ငံတောင်ပိုင်းဆီသို့ ရွေ့လျားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်မည်မဟုတ်သော...

ပစိဖိတ်သမုဒ္ဒရာပေါ်ရှိ အပူပိုင်းမုန်တိုင်း "မက်ခါလာ" သည် ဂျပန်နိုင်ငံတောင်ပိုင်းဆီသို့ ရွေ့လျားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်မည်မဟုတ်သော်လည်း မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ထိုင်းနိုင်ငံတစ်ဝန်းတွင် မိုးသက်လေပြင်းကျခြင်းနှင့် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းများကို သတိပြုကြရန်နှင့် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အတွင်း လှိုင်းအမြင့် ၂ မီတာခန့်အထိ ရှိနိုင်သဖြင့် စက်လှေငယ်များအနေဖြင့် သတိထားမောင်းနှင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

11