back

စစ်ကိုင်းတိုင်း၊မုံရွာမြို့၌ MSME ထုတ်ကုန်များ စျေးရောင်းပွဲတော်စတင်

Jun 27 • 7:41 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊မုံရွာမြို့၌ MSME ထုတ်ကုန်များ စျေးရောင်းပွဲတော်စတင်

World MSME Day အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဥ်၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ထုတ်ကု...

World MSME Day အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဥ်၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ထုတ်ကုန်များ စျေးရောင်းပွဲတော်ကို ဇွန်လ ၂၆ ရက်မှ ဇွန်လ ၃၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဦးစီးကျင်းပသည့် အဆိုပါပွဲတော်တွင် ဒေသထွက်စားသောက်ကုန်များ၊ လူသုံးကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို ပြသရောင်းချပေးနေသည့်အပြင် စားသောက်ဆိုင်များ၊ ကစားနည်းမျိုးစုံနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပပေးထားကြောင်း သိရသည်။

news-view-count-icon

15