လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အချိန်မီ အလွယ်တကူ သိရှိနိုင်စေရန် ဇွန်လ ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ရက်တည်း တစ်ပြိုင်တည်း ထုတ်ပြန်မည့် အဆိုပါအောင်စာရင်းများအနက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို ယခုကဲ့သို့ မြန်မာ့အသံမှ ကူညီထုတ်လွှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Jun 27 • 6:15 AM
Myanmar
Local
Share
| 33 | 0 | 0 | 0 |


