back

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်း ထုတ်ပြန်ကာ ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ်

Jun 27 • 5:40 AM

breaking-news

Myanmar

Local

breaking-news
cover

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်း ထုတ်ပြန်ကာ ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ်

တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်က...



တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်ကြေညာခဲ့သည်။ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ၃၀ ရက်အထိ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုဂရမ်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဖြင့်လည်းကောင်း၊ Di-Ammonium Phosphate (DAP) အခြေခံ ၁၅-၁၅-၁၅ မြေဩဇာ ၅၀ ကီလိုဂရမ်တစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ဖြင့်လည်းကောင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းအဖြစ် ရောင်းချရန် အသင်းဝင်ကုမ္ပဏီများအား ညွှန်ကြားထားကြောင်း သိရသည်။


news-view-count-icon

21