back

မောင်းသူမဲ့လေယာဉ် စစ်သည် ၅၀၀,၀၀၀ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ပေးမည်

Jun 27 • 5:19 AM

breaking-news

South Korea

Local News

cover

မောင်းသူမဲ့လေယာဉ် စစ်သည် ၅၀၀,၀၀၀ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ပေးမည်

မြောက်ကိုရီးယား နိုင်ငံ၏အန္တရာယ်ကို တုံ့ပြန်ရေးအတွက် မောင်းသူမဲ့လေယာဉ် တိုက်ခိုက် ရေးစွမ်းရည်နှင့် မောင်းသူမဲ့လေယာဉ် ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်မည်ဖြစ်ကြ...

မြောက်ကိုရီးယား နိုင်ငံ၏အန္တရာယ်ကို တုံ့ပြန်ရေးအတွက် မောင်းသူမဲ့လေယာဉ် တိုက်ခိုက် ရေးစွမ်းရည်နှင့် မောင်းသူမဲ့လေယာဉ် ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက ဇွန် ၂၆ ရက်တွင်သတင်းထုတ်ပြန်ထားသည်။အထက်ပါ အစီအစဉ်အရမောင်းသူမဲ့လေယာဉ် တပ်ဖွဲ့ဝင်၅၀၀,၀၀၀ ကို လေ့ကျင့်ပေးမည်ဖြစ် ပြီးတောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တပ်စခန်းများတွင်လည်း မောင်းသူမဲ့လေယာဉ်ရာပေါင်းများစွာကို ဖြန့်ကြက်ပေးထားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။တောင်ကိုရီးယားကြည်း၊ ရေ၊ လေတပ်ဖွဲ့များအတွက်၂၀၂၉ ခုနှစ်အရောက်တွင် မောင်းသူမဲ့လေယာဉ်စင်းရေ ၁၁၀,၀၀၀ အထိထုတ်လုပ်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသည်။

မောင်းသူမဲ့ လေယာဉ်များသည် သတ်မှတ် ထားသည့် တပ်ဖွဲ့များကသာ အသုံးပြုရမည့် လက်နက်ပစ္စည်းများ မဖြစ်သင့်ဘဲ ကြည်း၊ ရေ၊ လေတပ်အားလုံး အသုံးချရမည့် စစ်လက် နက်ပစ္စည်းတစ်မျိုး ဖြစ်သင့်ကြောင်းတောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်းဂူဘက်စ်က ပြောကြားထားသည်။ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းစစ်ပွဲ သင်ခန်းစာများအရမောင်းသူ မဲ့လေယာဉ် စွမ်းဆောင်ရည်များကို တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံလုံးက မြှင့်တင်ရန် ကြိုးပမ်း လျက်ရှိသည်။


news-view-count-icon

6