back

ရှမ်းပြည်မြောက်ပိုင်း၊မိုင်းလုံမြို့နယ် တောင်ပေါ်ဒေသတွင် ကျွဲများ ရောဂါဖြစ်ပွားပြီး အများအပြား သေဆုံး

Jun 27 • 5:14 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်မြောက်ပိုင်း၊မိုင်းလုံမြို့နယ် တောင်ပေါ်ဒေသတွင် ကျွဲများ ရောဂါဖြစ်ပွားပြီး အများအပြား သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်ရှိတောင်ပေါ်ဒေသများတွင် ဒေသခံများ မွေးမြူထားသော ကျွဲများ ရောဂါဖြစ်ပွားကာ အများအပြားသေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။...

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်ရှိတောင်ပေါ်ဒေသများတွင် ဒေသခံများ မွေးမြူထားသော ကျွဲများ ရောဂါဖြစ်ပွားကာ အများအပြားသေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ဒေသခံများ၏ ပြောကြားချက်အရ ကျွဲများသည် ရောဂါကူးစက်မှုကြောင့် ယခုဇွန်လအတွင်း ဆက်တိုက်သေဆုံးနေပြီး သေဆုံးသည့် ကျွဲအရေအတွက် များပြားလာသည့်အတွက် ကောင်းမွန်စွာ မြေမြှုပ်နိုင်ခြင်း မရှိဘဲ လမ်းဘေးနှင့် တောစပ်နေရာများတွင် စွန့်ပစ်ထားရသည့် အခြေအနေများ ရှိနေကြောင်း သိရသည်။

ကျွဲသေများကို စနစ်တကျ မစီမံနိုင်ခြင်းကြောင့် ကျေးရွာအနီးတွင် အနံ့အသက်ဆိုးများ ထွက်ပေါ်လာပြီး ရောဂါပိုးများ ပျံ့နှံ့ကာ လူများနှင့် အခြားတိရစ္ဆာန်များ၏ ကျန်းမာရေးကို ထိခိုက်လာမည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်။လက်ရှိအချိန်အထိ ကျွဲများတွင် ဖြစ်ပွားနေသည့် ရောဂါအမျိုးအစားကို တိတိကျကျ မသိရသေးဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးမှုများနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။


news-view-count-icon

21