ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်အထိ တစ်ပတ်တာအတွက် ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၇,၂၅၅ ကျပ်ဖြစ်ရာ ယခင်အပတ်က ၇,၂၈၅ ကျပ်ထက် ၃၀ ကျပ် လျော့ကျခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဆိုပါကော်မတီသည် ပြည်ပမှ စားအုန်းဆီဝယ်ယူတင်သွင်းရာတွင် တင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


