အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမား ၁၂၈ ဦးသည် ဇွန်လ ၁၆ ရက်နှင့် ၂၄ ရက်တို့တွင် ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။ ရောက်ရှိလာသည့် အလုပ်သမားများတွင် ကုန်ထုတ်လုပ်သားနှင့် ဆောက်လုပ်ရေးလုပ်သားများ ပါဝင်ပြီး ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်နှင့် နေထိုင်မှုအဆင်မပြေခြင်း၊ အခက်အခဲကြုံတွေ့ရခြင်းများ ရှိပါက မြန်မာသံရုံးသို့ ချက်ချင်းဆက်သွယ်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Jun 26 • 10:39 AM
South Korea
Local News
Share
| 3 | 0 | 0 | 0 |


