back

အက်ပ်စတိန်းနှင့် ပတ်သက်မှုအပေါ် ဘီလ်ဂိတ်စ် လွှတ်တော်တွင် ထွက်ဆို၊ အမျိုးသမီး ၃ ဦးနှင့် ဖောက်ပြန်ခဲ့ကြောင်း ဝန်ခံ

Jun 26 • 10:35 AM

breaking-news

Myanmar

International

cover

အက်ပ်စတိန်းနှင့် ပတ်သက်မှုအပေါ် ဘီလ်ဂိတ်စ် လွှတ်တော်တွင် ထွက်ဆို၊ အမျိုးသမီး ၃ ဦးနှင့် ဖောက်ပြန်ခဲ့ကြောင်း ဝန်ခံ

မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်စ်သည် လိင်ကုန်ကူးသူ ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ၏ တံခါးပိတ်ကြ...

မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်စ်သည် လိင်ကုန်ကူးသူ ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ၏ တံခါးပိတ်ကြားနာပွဲတွင် လူကိုယ်တိုင် ထွက်ဆိုခဲ့ရာ အက်ပ်စတိန်းနှင့် ၄ နှစ်တာအတွင်း ၁၂ ကြိမ်မှ ၁၄ ကြိမ်ခန့် တွေ့ဆုံခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုမရှိကြောင်းနှင့် ၎င်းနှင့်ပတ်သက်မိခြင်းကို နောင်တရကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ယခင်က ရုရှား Bridge ကစားသမား မီလာ အန်တိုနိုဗာ၊ နျူကလီးယား သိပ္ပံပညာရှင် ကာရီမာ နစ်မာတူလီနာနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းရှင် ဒေါက်တာ အဲလစ် ဂျက်ကော့ဗ်တို့ အပါအဝင် အမျိုးသမီး ၃ ဦးနှင့် ဖောက်ပြန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ အဆိုပါအချက်ကို အက်ပ်စတိန်းက သိရှိသွားကာ ၎င်းအား အညှာကိုင် ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည့်အပြင် ဖောက်ပြန်မှုကြောင့် ကာလသားရောဂါ (STD) ကူးစက်ခံရသည်ဆိုသည့် ကောလာဟလကိုမူ ငြင်းဆိုခဲ့ကြောင်း သိရသည်။

news-view-count-icon

22