ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါတဲစီရင်စု အရှေ့ဘက်ကမ်းရိုးတန်းကို ဗဟိုပြု၍ ဇွန်လ ၂၅ ရက်နေ့ နံနက် ၇:၃၀ နာရီခန့်တွင် ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) နှင့် ကျိုဒိုသတင်းအရ သိရသည်။ အဆိုပါငလျင်သည် မြေအောက်အနက် ၄၀ ကီလိုမီတာခန့်ကို ဗဟိုပြုကာ ဟာရှီကာမိမြို့နှင့် ဟာချိနိုဟဲမြို့တို့တွင် ဂျပန်နိုင်ငံ၏ ငလျင်စကေးသတ်မှတ်ချက်အရ ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်သည့် အထက် ၆ အဆင့်အထိ ပြင်းထန်ခဲ့ပြီး၊ မတ်တပ်ရပ်ရန်ပင် မဖြစ်နိုင်လောက်အောင် လှုပ်ခတ်မှုပြင်းထန်ခဲ့ကြောင်း သိရသည်။
Jun 26 • 8:27 AM
Japan
Local News
Share
| 8 | 0 | 0 | 0 |


