back

ကျားဖြန့်တို့ ဗဟိုချက် မြဝတီ၌ HIV ကူးစက်နှုန်း စိုးရိမ်ဖွယ် မြင့်တက်လာနေ

Jun 26 • 7:29 AM

breaking-news

Myanmar

Kayin

cover

ကျားဖြန့်တို့ ဗဟိုချက် မြဝတီ၌ HIV ကူးစက်နှုန်း စိုးရိမ်ဖွယ် မြင့်တက်လာနေ

ထိုင်းနယ်စပ်မြို့ဖြစ်ပြီး တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)၊ မူးယစ်ဆေးဝါးနှင့် ဖျော်ဖြေရေးဒုစရိုက်လုပ်ငန်းများ ကြီးစိုးရာ မြဝတီမြို့တွင် ၂၀၂၄ ခုနှစ်မှစတင...

ထိုင်းနယ်စပ်မြို့ဖြစ်ပြီး တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)၊ မူးယစ်ဆေးဝါးနှင့် ဖျော်ဖြေရေးဒုစရိုက်လုပ်ငန်းများ ကြီးစိုးရာ မြဝတီမြို့တွင် ၂၀၂၄ ခုနှစ်မှစတင်၍ HIV ပိုး ကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာရာ ၃ နှစ်တာအတွင်း လိင်လုပ်သားများမှတစ်ဆင့် အမျိုးသားများသို့ ကူးစက်မှုအများဆုံးဖြင့် ပိုးတွေ့သူ ၁,၅၀၀ ကျော်အထိ ရှိလာသောကြောင့် ယခု ဇွန်လဒုတိယပတ်အတွင်းက မြို့နယ်အာဏာပိုင်များနှင့် ကျန်းမာရေးအဖွဲ့များ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရကြောင်း သိရသည်။ မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွယ်နေသည့် ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်အချို့က သတင်းထွက်ပြီး အကျိုးစီးပွားထိခိုက်မည်ကို စိုးရိမ်သဖြင့် HIV အသိပညာပေးမှုနှင့် ကာကွယ်ရေးလုပ်ငန်းများကို ငြင်းဆန်ပိတ်ပင်မှုများ ရှိနေသည့်အပြင်၊ ၂၀၂၅ ခုနှစ် ဩဂုတ်လမှစ၍ အာဏာသိမ်းစစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ART ဆေးဝါးဖြန့်ဖြူးမှုကို အရပ်ဘက်အဖွဲ့အစည်းများထံမှ လွှဲပြောင်းရယူကာ လစဉ်ထုတ်စနစ်ဖြင့် ကန့်သတ်လိုက်ခြင်းကြောင့် ဝေဒနာရှင်များအတွက် အချိန်၊ ငွေကြေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ဆေးသောက်ရပ်နားသူများပါ ရှိလာကြောင်း အရပ်ဘက်ကျန်းမာရေးအဖွဲ့အစည်းများနှင့် နယ်ခံများထံမှ သိရသည်။

news-view-count-icon

37